
Watch Lovelace Full Movie
ဒီကားက 1970 တစ်ဝိုက်မှာ သျှမ်းသျှမ်းတောက် အောင်မြင်ခဲ့တဲ့ အပြာမင်းသမီး Linda Lovelace အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဘာသာရေးကိုင်းရှိုင်းတဲ့ ရှေးရိုးစွဲမိသားစုကလာတဲ့ လင်ဒါလက်ဗလေ့(စ်)၊ အရှက်အကြောက်ကြီးတဲ့ ကလေးမလေး လင်ဒါလက်ဗလေ့(စ်)၊ ဒီလိုလင်ဒါလက်ဗလေ့(စ်)တစ်ယောက်ဟာ ဘယ်လို ကံတရားတွေကြောင့်အပြာကားမင်းသမီး ဖြစ်လာတာလဲ၊ ဒီဘဝကိုရွေးချယ်ဖို့ သူ့ကို ဘယ်လိုအရတွေကတွန်းအားပေးခဲ့သလဲဆိုတာကို ဒီကားမှာ စိတ်ဝင်စားဖွယ်၊ စိတ်မသက်သာဖွယ် မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်ခင်ဗျ။